Tuesday, October 28, 2014

poem



photo by Nay Zar Lynn




လက်ဆောင်



မြောက်ပြန်လေက မန္တလေးကို ဝင်ဖို့
သွေးတိုးစမ်းနေပြီ

အသွားတုန်းက
မြေပြန့်က ပန်းတွေရဲ့ သတင်းရနံ့ကို
မြောက်ဝင်ရိုးစွန်းက ရေခဲတွေဆီ
သယ်သွားခဲ့

ဘယ်ဘာသာ ဘယ်လူမျိုးတွေကြား
တို့နှလုံးသားကို ထားခဲ့ပါလိမ့်

တို့ပေးချင်တဲ့အတွေး
သင် ဘယ်နံရံမှာ ရေးခဲ့ပါလိမ့်

ဘယ်သူ
ဘယ်ပုံစံ
ဘယ်နေရာမှာ
ငါတို့ရဲ့ ဒရွတ်ဆွဲနေတဲ့ ယုံကြည်ချက်တွေကို
ပြီးစလွယ် ချထားခဲ့သလဲ
ငါမသိချင်

အခု အပြန်
သင် သယ်လာတဲ့ ပန်းရနံ့မှာသာ
အဆိပ်တွေ ပါမလာဖို့
လိုပါတယ်…


                     ဇော်သစ်
                   ၂၅.၆.၂၀၁၄

No comments:

Post a Comment